• မကြာသေးမီကပို့စ်များ

  • ရှစ်လေးလုံး၏မြင်ကွင်းများ

  • မြန်မာပြည်အကျဉ်းထောင်များ

  • ရက်စက်လှသည့်ထောင်ပုံစံများ

  • ကြည့်ရှုသူများ

  • လူထုအသံ

    Grazr
  • မင်းသုဝဏ်

    သူ့မှာတမ်း သူတို့အဆုတ်၊ထားခဲ့မြှုတ်သည့်  ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသားရွာသူမေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်ပြောက်ကြား၊ ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း။ ငယ်ကကြင်မြတ် မိသတ်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်းပြာပါလေ။ အမောင်ပြောက်ကျား မိဘအားကို ဘာများမှာခဲ့လိုသနည်း။ မွေးသည့်မိခင် မွေဖခင်ကို ဦးတင်ခဲ့ကြောင်းပြောပါလေ။ အမောင်ပြောက်ကျား တိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း။ ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်းပြောပါလေ။ ယမ်းငွေ့အူအူ တလူလူနှင့် မေးမြူကြတုန်း အနောက်ကုန်းတွင် နေလုံးကွယ်လေပြိတကား။ မင်းသုဝဏ်
  • အကြောင်းကြားခြင်း

    ဤ၀က်ဆိုဒ်သည် ကျွန်တော်

    အသစ်လုပ်ထားသောဝက်ဆိုဒ်

    ဖြစ်ပါသည်။ တခြားဆိုဒ်ဖြစ်သော

ံ့နရသိန်

    သို့လည်းလာရောက်လည်

    ပတ်နိုင်ပါသည်။
  • နရသိန်

့http://narathein.page.tl
  • သမဂ္ဂအမေ

    By admin | November 5, 2008

    သမဂ္ဂအမေ

    ကျောင်းသားသမဂ္ဂ၊တကသ၊ ဗကသ၊    ရဲ့မှု(၅)ချက်ဖြစ်တဲ့  အမျိုးသားရေး  ၊ငြိမ်းချမ်း

    ရေး၊ဒီမိုကရေစီရေးကျောင်းသားထုအခွင့်အရေး  ကာကွယ်ရေး၊ဒီမိုကရေစီပညာရေးနဲ့

    အလံ(၃)လက်ဖြစ်တဲ့၊ ငြိမ်းချမ်းရေးအလံ၊  ဒီမိုကရေစီရေးအလံ၊အမျိုးသားတန်းတူညီ

    မျှရေးနှင့်သွေးစည်းညီညွတ်ရေးအလံတွေဟာ၊ကျွန်တော်တို့အသွေးသားထဲမှာစီးဆင်း

    နေပါတယ်။  နယ်ချဲ့ဆန့်ကျင်ရေး၊၁၉၂၀. မှအစပြုလို့…  ၁၉၆၂. ၁၉၇၄.  ၁၉၇၅. ၇၆.

    ၁၉၈၈. ၁၉၉၆ခေတ်  အဆက်ဆက်  ကနေ့ထိကျောင်းသားသမဂ္ဂဖြစ်တဲ့  သမဂ္ဂအမေ

    ကနေသားသမီးတေ  မွေးထုတ်ပေးခဲ့၊မွေး ထုတ်ပေးနေဦးမှာပါ၊ဗမာပြည်ရဲ့  ရဟန်းရှင်

    လူ  ပြည်သူအပေါင်း စစ်အာဏာရှင် စနစ် အောက်က  လွတ်လပ်ပြီး    လူ့အခွင့်ရေးနဲ့

    ဒီမိုကရေစီအရေးအမျိုးသား နိုင်ငံရေးတာဝန်တွေကို အသက်သွေးချွေး..ဘ၀တွေပေး

    ဆပ်ခဲ့ပါပြီ။  ပေးဆပ်ဦးမှာပါ၊

    ဆက်ဖတ်ပါ »

    Topics: Uncategorized | Comments Off

    ဤတကွေ့ဝယ်

    By admin | September 29, 2008

    မိုးစက်များကြားမှ အဖြူအစိမ်းဝတ်ကျောင်းသူ  ကျောင်းသားများ၏  ကြွေးကြော်သံမှာ

    အနှစ်(၂၀)တိုင်သော်လည်း  မဆိတ်သုဉ်းပေ။  သွေးစက်ဖြင့်ရင်းနှီးထားခြင်း၏ရလာဒ်

    က  ၉၀ ရွေးကောက်ပွဲသာဖြစ်ပေသည်။  ၉၀ရွေးကောက်ပွဲအားအာဏာရှင်မှသဘော

    ထားကြီး၍ လုပ်ပေးခြင်းမဟုတ်ပေ။ရဲရင့်သောပြည်သူနှင့်  ကျောင်းသားတို့၏အသက်

    သွေးတို့ဖြင့်  သန္ဓေတည်ထားသည်ကို  မမေ့ကြဖို့လိုသည်။

    စိုးထက်ခိုင်(တောင်ငူထောင်)

    ဆက်ဖတ်ပါ »

    Topics: Uncategorized | »

    ဒီးဒုတ်သို့ပေးပို့သောဗိုလ်ချုပ်သ၀ဏ်လွှာ

    By admin | September 24, 2008

    ဒီဒုတ်ဂျာနယ် နှစ်ပါတ်လည်စာစောင်ထုတ်ဝေမည်ဟု ကြားသိရသဖြင့်  ဤသ၀ဏ်လွှာ

    ကိုဝမ်းမြောက်စွာပေးပို့လိုက်ပါသည်။ ဒီးဒုတ်ဂျာနယ်သည်   ဗမာနိုင်ငံစာနယ်ဇင်းလော

    ကတွင်ဝါရင့်သောဂျာနယ်ဖြစ်သည်။ ဂျပန်ခေတ်တွင်ကား    ဒီးဒုတ်ဂျာနယ်မှာ တိုင်းသိ

    ပြည်သိအကြောင်းများကြောင့်မထွက်ပေါ်နိုင်ခဲ့ပေ။    ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာချုပ်

    ဦးဘချိုမှာဝါရင့်သော ၀ံသာနုတစ်ဦးးပင်ဖြစ်ပေသည်။   ထိုမျှမကသူ၏ ထင်မြင်ချက်အ

    ယူအဆများသဘောမတူသူရှိချင်ရှိလင့်ကစားသူ့ကို   အာဏာလု-၀မ်းစာလု-သို့မဟုတ်

    ရာထူးလုဝံသာနုဟု မည်သူမျှ   မစွပ်စွဲနိုင်ပေ။ ကျွန်တော်သည်ဆရာဦးဘချိုနှင့် ၁၉၃၆

    (ကျောင်းသားသပိတ်) နှစ်လောက်ကပင်    ကောင်းစွာသိကျွမ်းခဲ့ရာသူ၏ညဏ်ရည်ဖန်

    ရည်နှင့်တကွစိတ်ထားကိုကောင်းစွာသိခဲ့ရပါသည်။  ကျွန်တော်တို့နှင့် ဆရာဦးဘချိုယ္ခု

    (ဖဆပလ)ခေတ်တွင်နိုင်ငံရေးအားဖြင့် ရင်းရင်းနှီးနှီး   ပေါင်းလာကြသော်လည်း၁၉၃၆

    ခုသပိတ်လောက်တုန်းကပင်  စ၍အရေးရှိလျှင်  ရှိသလို ဆရာ ဦး ဘချို၏   ထိရောက်

    သောအကူအညီများ ရခဲ့ပေသည်။   ဂျပန်ခေတ်မတိုင်မီ ဥရောပစစ်ကြီးဖြစ်ပွားလျှက်ရှိ

    စဉ်ကျွန်တော်တရုပ်ပြည်အမွိုင်မြို့သို့   ထွက်သွားရန်   စီစဉ်ကြစဉ်ကဆရာဦးဘချိုထံမ

    အရေးကြီးသော  တရုပ် လူကြီးအချို့၏    လိပ်စာများ ရခဲ့သည်။   သို့သော်၎င်းအဆက်

    များနှင့်ဆက်မိရန် ကြိုးစာနေခိုက်   ဗမာပြည်မှကျန်ရဲဘော်များ၏   ညွန်ကြားချက်အရ

    ဂျပန်လာခေါ်သဖြင့် ဗမာ့လွတ်လပ်ရေးအတွက် ဂျပန်တို့နှင့်စခန်းသွားရေး  အလုပ်သာ

    ဖြစ်မြောက်သွားတော့သည်။

    . စောင့်မျှော်ပါ. . .

    Topics: Uncategorized | »

    ဗိုလ်ချုပ်အောင်ဆန်း၏စာရေးဝါသနာ

    By admin | September 20, 2008

    ကွယ်လွန်သူဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်ကြီး၊ လွပ်လပ်ရေးဗိသုကာ

    နှင့်မြန်မာ့တပ်မတော်၏ဖခင်ကြီးအဖြစ်အားလုံးသိကြသည်။သို့သော်ဗိုလ်ချုပ်အောင်ဆန်း

    စာရေးဝါသနာပါပုံကိုသိသူနည်းသည်။   ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ၊ အင်္ဂလိပ်နှစ်

    ဘာသာ စလုံးတွင် အရေးရောအပြောပါ ကျွမ်းကျင်ပိုင်နိုင်သည်။ စာရေးစာဖတ်လည်းအ

    တော်ဝါသနာပါသည်။  ဗိုလ်ချုပ်အာင်ဆန်းစာဖတ်ဝါသနာ ပါပုံနှင့်  ပတ်သတ်၍ ကျောင်း

    သားဘ၀ကပင်  ဗိုလ်ချုပ်အောင်ဆန်းနှင့် သိကျွမ်းခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေး

    အရာရှိ   လုပ်ဖူးသော သခင်ဗအေးက” ဗိုလ်ချုပ်အောင်ဆန်းကား စာအလွန် ဖတ်သူဖြစ်

    ၏။  တခါတနရံ နောက်ဖေး သွားရင်း စာဖတ်နေရာ နာရီဝက်ကျော်ကြာသဖြင့်  ခေါ်ယူရ

    ၏ ။”  ဟု ဗိုလ်ချုပ်အောင်ဆန်းစာဖတ်ဝါသနာပါပုံကို  ရေးသားဖူးသည်။  ဒုတိယကမ္ဘာ

    ဆက်ဖတ်ပါ »

    Topics: Uncategorized | »

    ဒုက္ခတောမှရယ်စရာအဖြစ်များ

    By admin | September 16, 2008

    ကျွန်တော် ပုသိမ်ထောင်မှ မြင်းခြံထောင်ကို (၂၀၀၃)ခုနှစ်၊စက်တင်ဘာမှာပြောင်းတော့

    ကြားမှာထောင်(၂)ထောင်လောက်နေခဲ့ရတယ်။အင်းစိန်(၂ခေါက်ပြန်ရောက်ခဲ့ရတာပေါ့)

    ရယ်၊ မန္တလေးရယ်ပေါ့။ပုသိမ်ကနေအင်းစိန်ထောင်ကိုရောက်တော့ ည (၁၂)ရီထိုးနေပြီ

    ထောင်ဝါဒါအားလုံးကအရက်မှုးနေကြတဲ့သူတွေချည်းပဲ။အင်းစိန်ထောင်ဘူးဝကိုရောက်

    ရောက်ခြင်းပဲ ” အားလုံးခေါင်းငုံ့ထားမယ်။အားလုံးခေါင်းငုံ့ထားမယ်”ဆိုတဲ့ကြောက်မက်

    ဖွယ် အသံကြီးကဟိန်းထွက်လာတယ်။ အဲစကားမစပ် အရင်ထောင်ပြောင်းတွေတုန်းက

    နိုင်ငံရေးသမားတွေချည်းပဲပြောင်းရတာ။ အခုထောင်ပြောင်းတော့    အဲဒီလိုမဟုတ်ဘူး

    အားလုံးလုံးသုတ်ပြောင်းပြစ်တာ။ပုသိမ်ထောင်အကြီးအကျယ်ဆူသွားတာဆိုတော့သူတို့

    တော်တော်လေးလန့်သွားကြတယ်။

    ဆက်ဖတ်ပါ »

    Topics: Uncategorized | »

    2010 ပါဝါအရွေ့

    By admin | September 16, 2008

    ယနေ့ကာလတွင်  ဗမာပြည်နိုင်ငံရေး  လက်ရှိအခြေနေကို  ပြန်ပြောင်း ကြည့်ရှုပါကစစ်

    အုပ်စု၏ ပိုမိုအရုပ်ဆိုးလာမှုနှင့်ပြည်သူလူထု၏ အတိဒုက္ခကိုသာမီးမောင်းထိုးပြရပေမည်။

    ဆက်ဖတ်ပါ »

    Topics: Uncategorized | Comments Off

    နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ခံစားချက်

    By admin | September 15, 2008

    “အမေမျှော်လင့်တဲ့စကား”

    တဂျိမ်းဂျိမ်းဆိုတဲ့တခါးသံကြောင့်ထောင်ကိုရောက်ပီဆိုတာ သိလိုက်ရတယ်။ ထောင်ရဲ့

    အနံ့အသက်ကအပြင်လောကနဲ့မတူဘူး နားထဲမှာလည်းသံသံချင်းထိရိုက်တဲ့အသံတွေ

    ဟာထောင်ရဲ့သံစဉ်တခုပဲ။ မျက်လုံးကိုစည်းထားတဲ့ အ၀တ်ဖွင့်မပေးပေမဲ့ အကြားအာရုံ

    ဆက်ဖတ်ပါ »

    Topics: Uncategorized | Comments Off

    မြန်မာနိုင်ငံရေးသုံးသပ်ချက်

    By admin | September 15, 2008

    ကျွန်တော်VOA.BBCကသုံးသပ်ချက်တွေ။တွေ့ဆုံမေးမြန်ူခန်းတွေကိုနားထောင်နေခဲ့တာကြာပါ

    ပြီ၊သို့သော်သူတို့တွေ၏သုံသပ်ချက်ဖြေကြားချက်တွေသည်၊ဝေ့လည်ကြောင်ပတ်နိုင်လွန်လှ

    သည်။အဓိကအရာပျောက်ပျောက်နေသည်။သူတို့တွေသည်ပြည်သူကိုပဲအုံကြွခိုင်းနေကြသည်။

    ပြည်သူကြွလျှင်ရမည်ဟုထင်နေကြသည်။

    ဆက်ဖတ်ပါ »

    Topics: Uncategorized | »